Sunday, September 3, 2017

SAN Switch Fundamental Part I

ဒီတခါ SAN switch အကြောင်းနည်းနည်းလောက်သွားကြည့်ရအောင်။ SAN Switch ကို သွားမယ်ဆိုရင် WWNN, WWPN တွေ သိရမယ်။ လောလောဆယ်Node Name , Port Name ဆိုပြီး အကြမ်းဖျင်းအားဖြင့်မှတ်ထားလိုက်ပါ။ ဒါ့အပြင် HBA Cards(Host Bus Adapter) တွေလည်း သိရမယ်။ Details သိချင်တယ်ဆိုရင်တော့ Google ခေါက်ပါ။ ဒါမှမဟုတ် နောက်ပိုင်းမှာ ကျနော်ရှင်းပြပါ့မယ်။ ။ Server မှာ WWNN and WWPN ( Node Name and Port Name ) ရှိတယ်။ အဲသလိုပဲ Storage မှာလည်း WWPN ရှိတယ်။ SAN switch မှာ Zoning ဆိုတာရှိတယ်။ Networking မှာဆိုရင် VLAN ခွဲသလိုမျိုးပါပဲ။ Zoning မှာမှ Soft Zone and Hard Zone ဆိုပြီးရှိတယ်။ တချို့ကျတော့လည်း Zoning လို့မခေါ်ပဲ vsan လို့လည်းခေါ်ကြတယ်။ ထားပါတော့ အခေါ်အဝေါ်က ပြဿနာမဟုတ်ပါဘူး။ အဓိကက Use Case ကို သိဖို့က အဓိကပါ။ များသောအားဖြင့် Soft Zone ကို အသုံးများကြတယ်။ Soft Zone က ဘယ်လိုမျိုး အလုပ်လုပ်လည်းဆိုတော့ အကယ်လို့များ SAN Switch မှာ SFP တွေ port တွေ ပြဿနာ တက်ကြပီ ဆိုပါစို့ SFP မကောင်းရင် အသစ်လဲလှယ်ပီး ကြိုးပြန်တက်လိုက်ရင် အဆင်ပြေသွားပီ။ SAN Switch ရဲ့ Configuration ကို ထိစရာမလိုဘူး။ ဒါကြောင့်ပဲ Soft Zone ကို အသုံးပြုကြတာများပါတယ်။ Hard Zone ကြတော့ ဘယ်လိုမျိုးလည်းဆိုတော့ သူကလုံး၀ Fixed. Server နဲ့ Storage ကြားက Port တွေကို လုံး၀ Fixed သတ်မှတ်ထားတာ။ Port တခုပျက်သွားလို့အသစ်လဲမယ်ဆိုရင် Configuration တွေ ပြန်ချိန်းရပီ။ဒါကြောင့်အသုံးနည်းတယ်။ ဒါပေမယ့်တချို့နေရာတွေမှာသုံးကြပါတယ်။ နည်းနည်းလေ မြင်ကြည့်ရအောင်။ လောလောဆယ် Very Basic ကနေစသွားကြရအောင်။ SAN Switch ကို Server and Storage ကြားထဲမှာ မြင်ကြည့်ပါ။ Server 2 လုံးရှိမယ်။ SAN switch ၁ လုံးရှိမယ်။ Storage တလုံးရှိမယ်။ လောလောဆယ်တော့ SAN Switch တလုံးထဲနဲ့ပဲ ရှင်းပြပါရစေ။ပိုပြီးမြင်သာအောင်ပါ။တကယ့် Real Production မှာဆိုရင် Redundant ဖြစ်အောင် SAN Switch ကို၂လုံးထားကြပါတယ်။ နောက်ပီး Multi-Pathing ကိုလည်း အသုံးပြုကြပါတယ်။ အိုကေ ပြန်ဆက်ရရင်... SAN Switch မှာ Zone A ဆိုပြီး Zone တခုဆောက်မယ်။ အဲဒီ Zone A ထဲမှာ Server A ရဲ့ WWPN ရယ် Storage Port-A ရဲ့ WWPN ကို ပေါင်းထည့်လိုက်ပီး ပေးတွေ့လိုက်တယ်။ SAN Switch မှာ နောက်ထပ် Zone B ဆိုပြီး Zone တခုထပ်ဆောက်မယ်။ အဲဒီ Zone B ထဲမှာ Server B ရဲ့ WWPN ရယ် Storage Port-B ရဲ့ WWPN ကို ပေါင်းထည့်လိုက်ပီ ပေးတွေ့လိုက်တယ်။ Storage ဘက်မှာ ကျနော်က Volume ၂ ခု ဆောက်ထားမယ်။ Volume A & Volume B. Volume A ကို Storage Port-A ရဲ့ လမ်းကြောင်းထဲကို ပစ်ထည့်လိုက်မယ်။ အလားတူပဲ Volume B ကို Storage Port-B ရဲ့ လမ်းကြောင်းထဲကို ပစ်ထည့်လိုက်မယ်။ ဒီမှာတင် The End ပါ။ Server A က Volume A ကိုပဲ မြင်ရပါမယ်။ ထို့အတူ Server B က Volume B ကို မြင်ရပါလိမ့်မယ်။ နောက်များမှပဲ Fully Architecture နဲ့ ထပ်ရှင်းပြပေးပါ့မယ်။ Thanks you all.

No comments:

Post a Comment