Monday, September 4, 2017

Data center Design Overview,

Data center infra design ဘက်သွားကြည့်မယ်ဆိုရင် အဓိက လိုအပ်တဲ့ Components က ၄ ခုပဲ ရှိပါတယ်။ ဘာတွေလဲဆိုတော့...
Storage , Network, Compute and Application တို့ဖြစ်ပါတယ်။ နောက်တခုက Data center design မှာဆိုရင် ၃ မျိုးထပ်ပြီးကွဲပြားတယ်။ ဘာတွေလဲဆိုတော့ Traditional Design, Converged Design and Hyper-Converged Design ဆိုပီးတော့ Data center mordernization ဘက်ကို တဖြည်းဖြည်းပြောင်းလာကြပါတယ်။ Traditional Design မှာဆိုရင် Storage, network , compute and Application တို့ပါဝင်တယ်။ အဲဒီမှာထပ်ပြီးကွဲပြားတာက Storage မှာဆိုရင် Hitachi, EMC, NetApp and Huawei... စသဖြင့်ပေါ့။ နောက်တခုက Network မှာဆိုရင် Brocade, Cisco and Juniper ... နောက်ပြီး Compute မှာဆိုရင် Cisco UCS, Hitachi Blades, Dell and HP... Application ပိုင်းမှာလည်း အများကြီးပါဘဲ။ ဒီတော့ Network ပိုင်းမှာဆိုရင် Cisco လုပ်တတ်တဲ့သူက Brocade မလုပ်တတ်၊ Brocade လုပ်တတ်တဲ့သူက Cisco မလုပ်တတ်၊ စသဖြင့်ပေါ့။ Storage မှာဆိုရင်လည်း Hitachi လုပ်တတ်တဲ့သူက EMC, NetApp မလုပ်တတ်၊ EMC, NetApp လုပ်တတ်တဲ့သူက Hitachi မလုပ်တတ်။ ဒီတော့ Cisco လုပ်တတ်တဲ့သူတွေ ငှားရတယ်။ Brocade လုပ်တတ်တဲ့သူတွေ၊ Juniper လုပ်တတ်တဲ့သူတွေ၊ Hitachi လုပ်တတ်တဲ့သူတွေ အများကြီးငှားရတယ်။ Team တခုနဲ့တခုလည်း တွဲလုပ်တဲ့သူတွေရှိသလို တွဲမလုပ်တဲ့သူတွေရှိတယ်။ ဒီတော့ Tradition Design ကြီးက ကြီးလာတာနဲ့အမျှ Complex ဖြစ်လာတယ်။ ဒီတော့ Manage လုပ်ရတာ ခက်လာတယ်။ Technician တွေကို ထိန်းသိမ်းရတာခက်လာတယ်။ ဒီတော့ သူတို့တွေ နောက်တဆင့် Solution ကို စဉ်းစားလာကြတယ်။ ဘာ Solution လည်းဆိုတော့ Converged Solution. သူမှာလည်း အဓိက Components က ၄ ခုပါတယ်။ Traditional Design နဲ့အတူတူပဲ။ Storage , Network , Compute and Application တွေပဲ။ သူက Traditional Design Solution နဲ့မတူတာက ဘာလဲဆိုတော့ Industry က ထုတ်ပေးလိုက်ကတည်းက Predefined လုပ်ပေးလိုက်ပီးသား။ Customer အနေနဲ့ Order မမှာခင်ကတည်းက ကိုယ်လိုချင်တဲ့ Brand ကို စိတ်ကြိုက် ရွေးချယ်လို့ရတယ်။ ဥပမာ။  ။ Storage မှာ Hitachi, Network မှာ Brocade , Compute မှာ Hitachi or Dell စသဖြင့် ရွေးချယ်ပီး Order မှာရုံပဲ။ Industry က ကိုယ်ရွေးချယ်ပေးလိုက်တဲ့ Brand တွေနဲ့ စက်ရုံမှာကတည်းက အကုန်ဆင်ပေးလိုက်တယ်။ ပီးတော့ တခုကောင်းတာက Management လုပ်ရတာလည်း Centralize ဖြစ်လာတယ်။ နောက်တခုက Scale-up and Scale-out ပါရတယ်။ အခုလက်ရှိ Production Environment တွေမှာလည်း Converged Design Solution ကို 90% လောက်အထိ သုံးထားကြတယ်။ နောက် Solution တခုက Hyper-Converged Solution. သူမှာလည်း အဓိက Components က ၄ ခုပါတယ်။ Traditional Design နဲ့အတူတူပဲ။ Storage , Network , Compute and Application တွေပဲ။ သူ့ကျတော့ Fixed Solution. Scale-up မရဘူး။ Scale-out ပဲရတယ်။ ဒါကတော့ သူ့ရဲ့ အားနည်းချက်ပေါ့။ နောက်တခုက One Box Solution. ဥပမာ။   ။ Box တခုထဲမှာ Server 4 လုံး ပါမယ်။ Network ပါမယ်။ Local HDD တွေပါမယ်။ သူကျတော့ Storage သီးသန့်မပါတော့ပဲ Local HDD တွေကို ပေါင်းပီး vSAN သုံးထားတယ်။ vSAN သုံးတဲ့အတွက် SSD အနည်းဆုံး 1:10 ပါရမယ်။ ဥပမာ။  ။ HDD(SAS or SATA) ကို 1TB သုံးထားတယ်ဆိုရင်ဖြင့် SSD အနည်းဆုံး 120GB လိုအပ်မှာ ဖြစ်ပါတယ်။ သူကျတော့ ဘယ်လိုနေရာမျိုးတွေမှာ ပိုအဆင်ပြေလည်းဆိုတော့ Green Environment တွေ မှာပိုအဆင်ပြေတယ်။ အခုမှ Infra စဆောက်တဲ့ Environment မျိုးတွေမှာ ပိုပြီး အသုံးတည့်တယ်။ အားလုံးကိုကျေးဇူးပါ။

No comments:

Post a Comment