Posts

Showing posts from September, 2017

Data Deduplication

Image
Data Deduplication Data Deduplication အကြောင်းမသွားခင်မှာ သူ့ရဲ့ Nature နဲ့ use case လေး ပြောပါရစေ။ ကျနော်တို့ စာဖတ်မယ်ဆိုပြီး Internet ကနေ ဖိုင်တဖိုင်ကို ဒေါင်းလုတ် လုပ်လိုက်တယ်။ ဒါပေမယ့် တကယ်တမ်းကျ ကျနော်တို့ မဖတ်အားသေးလို့ မဖတ်ဖြစ်သေးဘူး။ တပတ်၊ ၂ ပတ် ကြာသွားတယ်။ မေ့သွားတယ်။  နောက်တူညီတဲ့ဖိုင်တဖိုင်ကိုပဲ  ထပ်ပီး ဒေါင်းလုတ်ဆွဲတယ်။ ဖိုင်က ၂ ဖိုင်ဖြစ်သွားတယ်။ ဒီတော့ ဖိုင်တဖိုင်ကို 1MB ပဲ ထားပါစို့။ ဖိုင်က ၂ ဖိုင်ဆိုတော့ 2MB ဖြစ်သွားပီ။ ဒီတော့ Capacity အနေနဲ့ကြည့်ရရင် မသက်သာဘူး။  ဒီတော့ Capacity ကိုချွေတာရတယ်။ Capacity ချွေတာတယ်ဆိုတာ Money ချွေတာတာပဲ။  နောက်ပီး အဲဒီဖိုင်တွေကို တနေရာနဲ့တနေရာ နက်ဝက်ပေါ်ကနေ ကူးကြပီ ဆိုပါစို့။ ဖိုင်ဆိုဒ်ကြီးရင် နက်ဝက် Bandwidth စားတယ်။ Storage မှာ Capacity က Money ဆိုရင် Network မှာ Bandwidth က Money ပဲ။ ဒီတော့ အကြမ်းဖျင်းအားဖြင့် Deduplication ဆိုတာ Capacity and Bandwidth သက်သာတယ်လို့သာ မှတ်ထားလိုက်ပါ။ နောက်တခုက.. Data Deduplication ကို သွားမယ်ဆိုရင် အရင်ဆုံး အကြမ်းဖျင်းအားဖြင့် Target-Based deduplication(Storage Appliance) and source d...

Data center Design Overview,

Image
Data center infra design ဘက်သွားကြည့်မယ်ဆိုရင် အဓိက လိုအပ်တဲ့ Components က ၄ ခုပဲ ရှိပါတယ်။ ဘာတွေလဲဆိုတော့... Storage , Network, Compute and Application တို့ဖြစ်ပါတယ်။ နောက်တခုက Data center design မှာဆိုရင် ၃ မျိုးထပ်ပြီးကွဲပြားတယ်။ ဘာတွေလဲဆိုတော့ Traditional Design, Converged Design and Hyper-Converged Design ဆိုပီးတော့ Data center mordernization ဘက်ကို တဖြည်းဖြည်းပြောင်းလာကြပါတယ်။ Traditional Design မှာဆိုရင် Storage, network , compute and Application တို့ပါဝင်တယ်။ အဲဒီမှာထပ်ပြီးကွဲပြားတာက Storage မှာဆိုရင် Hitachi, EMC, NetApp and Huawei... စသဖြင့်ပေါ့။ နောက်တခုက Network မှာဆိုရင် Brocade, Cisco and Juniper ... နောက်ပြီး Compute မှာဆိုရင် Cisco UCS, Hitachi Blades, Dell and HP... Application ပိုင်းမှာလည်း အများကြီးပါဘဲ။ ဒီတော့ Network ပိုင်းမှာဆိုရင် Cisco လုပ်တတ်တဲ့သူက Brocade မလုပ်တတ်၊ Brocade လုပ်တတ်တဲ့သူက Cisco မလုပ်တတ်၊ စသဖြင့်ပေါ့။ Storage မှာဆိုရင်လည်း Hitachi လုပ်တတ်တဲ့သူက EMC, NetApp မလုပ်တတ်၊ EMC, NetApp လုပ်တတ်တဲ့သူက Hitachi မလုပ်တတ်။ ဒီတော့ Cisco လုပ်တတ်တဲ့သူတွေ ငှားရတယ...

SAN Switch Fundamental Part I

Image
ဒီတခါ SAN switch အကြောင်းနည်းနည်းလောက်သွားကြည့်ရအောင်။ SAN Switch ကို သွားမယ်ဆိုရင် WWNN, WWPN တွေ သိရမယ်။ လောလောဆယ်Node Name , Port Name ဆိုပြီး အကြမ်းဖျင်းအားဖြင့်မှတ်ထားလိုက်ပါ။ ဒါ့အပြင် HBA Cards(Host Bus Adapter) တွေလည်း သိရမယ်။ Details သိချင်တယ်ဆိုရင်တော့ Google ခေါက်ပါ။ ဒါမှမဟုတ် နောက်ပိုင်းမှာ ကျနော်ရှင်းပြပါ့မယ်။ ။ Server မှာ WWNN and WWPN ( Node Name and Port Name ) ရှိတယ်။ အဲသလိုပဲ Storage မှာလည်း WWPN ရှိတယ်။ SAN switch မှာ Zoning ဆိုတာရှိတယ်။ Networking မှာဆိုရင် VLAN ခွဲသလိုမျိုးပါပဲ။ Zoning မှာမှ Soft Zone and Hard Zone ဆိုပြီးရှိတယ်။ တချို့ကျတော့လည်း Zoning လို့မခေါ်ပဲ vsan လို့လည်းခေါ်ကြတယ်။ ထားပါတော့ အခေါ်အဝေါ်က ပြဿနာမဟုတ်ပါဘူး။ အဓိကက Use Case ကို သိဖို့က အဓိကပါ။ များသောအားဖြင့် Soft Zone ကို အသုံးများကြတယ်။ Soft Zone က ဘယ်လိုမျိုး အလုပ်လုပ်လည်းဆိုတော့ အကယ်လို့များ SAN Switch မှာ SFP တွေ port တွေ ပြဿနာ တက်ကြပီ ဆိုပါစို့ SFP မကောင်းရင် အသစ်လဲလှယ်ပီး ကြိုးပြန်တက်လိုက်ရင် အဆင်ပြေသွားပီ။ SAN Switch ရဲ့ Configuration ကို ထိစရာမလိုဘူး။ ဒါကြောင့်ပဲ Soft Zone ကို အသုံးပြုကြတာ...

HCP Solution Part II

Image
HCP Solution, အရင်အပတ်က HCP Solution ရဲ့ အဆက်လေးပါ။ ဒီတခါတော့ Archive Data and Object Data အကြောင်း နည်းနည်းပြောပါရစေ။ Application and Data Data ကို အကြမ်းဖျင်းအားဖြင့် ၃ ပိုင်းခွဲလို့ရပါတယ်။ 1) Active Data 2) Backup Data 3) Archive Data ဆိုပြီးတော့ ၃ မျိုးရှိပါတယ်။ Active Data ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ Exchange လို Application တွေ DB တွေ စသဖြင့်အများကြီးပါဘဲ။ Backup Data ကတော့ သိတဲ့အတိုင်းပဲ Restore ပြန်လုပ်လို့ရရမယ့် Data မျိုးတွေ same environment or other environments တွေမှာ ပြန်ပီး Restore လုပ်လို့ရပါတယ်။ Archive Data ကြတော့ ဘယ်လိုမျိုးလဲဆိုတော့ သူက Legal တွေ Government တွေ မှာ အများဆုံးတွေ့ရမယ်။ ဘယ်လိုမျိုးလဲဆိုတော့ Archive ဆိုတာ Block-based မဟုတ်ပါ။ Archiving always keep as a file. We can call as file-based. Archive Data နဲ့ Backup Data က တူသယောင်ယောင်နဲ့ လုံးဝမတူပါဘူး။ Archive Data ဆိုတာ ဘယ်လိုမျိုးလည်း ဆိုတော့ In-active Data ပုံစံမျိုး။ အရေးကြီးတယ်။ ဒါပေမယ့် နေ့တိုင်းမလိုအပ်ဘူး။ တချိန်မှာပြန်ရှာရင်လည်း လွယ်ကူအောင်ပေါ့။ ဘယ်နေရာတွေမှာ အသုံးများလည်းဆိုတော့ E-Library ...

HCP Solution Part I

Image
Hitachi Content Platform Solution (HCP) လက်ရှိအချိန်မှာ လူတိုင်းဟာ mobility ကိုသွားနေကြပီဆိုတော့ Solution တခုနဲ့မိတ်ဆက်ပေးပါရစေ။ Hitachi Data System ရဲ့ HCP Solution ပါ။ ကိုယ့်ရဲ့ Data တွေကို Internet access ရှိရုံနဲ့ မည်သည့် Devices မည်သည့်နေရာ ကနေမဆို Access လုပ်လို့ရမယ့် Solution ပါ။ DropBox ပုံစံမျိုးပါ။ DropBox နဲ့ မတူညီတာက ဘာလဲဆိုတော့... ကိုယ့်ရဲ့ Data ကို ကိုယ့်ရဲ့ Infrastructure မှာပဲသိမ်းထားမယ်။ ကိုယ့်ရဲ့ Security zone ထဲမှာပဲရှိမယ်။ Data On Primises ဖြစ်တယ်။ Private Cloud ပုံစံမျိုးပေါ့။ သူက Private Cloud တင်မဟုတ်ဘဲ Hybrid Cloud ပုံစံမျိုးပါ အသုံးပြုလို့ရပါတယ်။ ကိုယ့်ရဲ့ Infrastructure မှာ Capacity မလုံလောက်တော့ဘူးဆိုပါစို့။ ကျနော်တို့အနေနဲ့ Infrastructure ထပ်ပီးဆောက်စရာမလိုပဲ Public Cloud ကနေ Capacity ဝယ်ပြီး ကိုယ့်ရဲ့ Private Cloud နဲ့ချိတ်ဆက်ပီး အသုံးပြုလို့ရပါတယ်။ RestAPI ကိုအသုံးပြုပြီး ချိတ်ဆက်ရုံပါပဲ။ User တယောက်ကို အများဆုံး Devices 8 ခုအထိ လက်ခံနိုင်သလို အကုန်အကျနည်းနည်းနဲ့ Solution တခုပါ။ ဘယ်လိုနေရာမျိုးတွေမှာ အသုံးချနိုင်လည်းဆိုတော့.. နေရာမျိုးစုံမှာအသုံးချနိုင်...