Sunday, September 3, 2017

HCP Solution Part II

HCP Solution,
အရင်အပတ်က HCP Solution ရဲ့ အဆက်လေးပါ။ ဒီတခါတော့
Archive Data and Object Data အကြောင်း နည်းနည်းပြောပါရစေ။
Application and Data
Data ကို အကြမ်းဖျင်းအားဖြင့် ၃ ပိုင်းခွဲလို့ရပါတယ်။
1) Active Data
2) Backup Data
3) Archive Data
ဆိုပြီးတော့ ၃ မျိုးရှိပါတယ်။
Active Data ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ Exchange လို Application တွေ DB တွေ စသဖြင့်အများကြီးပါဘဲ။
Backup Data ကတော့ သိတဲ့အတိုင်းပဲ Restore ပြန်လုပ်လို့ရရမယ့် Data မျိုးတွေ same environment or other environments တွေမှာ ပြန်ပီး Restore လုပ်လို့ရပါတယ်။
Archive Data ကြတော့ ဘယ်လိုမျိုးလဲဆိုတော့ သူက Legal တွေ Government တွေ မှာ အများဆုံးတွေ့ရမယ်။ ဘယ်လိုမျိုးလဲဆိုတော့ Archive ဆိုတာ Block-based မဟုတ်ပါ။ Archiving always keep as a file. We can call as file-based. Archive Data နဲ့ Backup Data က တူသယောင်ယောင်နဲ့ လုံးဝမတူပါဘူး။ Archive Data ဆိုတာ ဘယ်လိုမျိုးလည်း ဆိုတော့ In-active Data ပုံစံမျိုး။ အရေးကြီးတယ်။ ဒါပေမယ့် နေ့တိုင်းမလိုအပ်ဘူး။ တချိန်မှာပြန်ရှာရင်လည်း လွယ်ကူအောင်ပေါ့။ ဘယ်နေရာတွေမှာ အသုံးများလည်းဆိုတော့ E-Library ပုံစံမျိုးတွေ။ အခုလက်ရှိတော့ မလိုအပ်သေးဘူး။ ဒါပေမယ့် နောင်တချိန်မှာ လိုအပ်လာရင် ပြန်ရှာဖို့လွယ်ကူရမယ်။ Performance မလိုအပ်တဲ့နေရာမျိုးတွေမှာ သိမ်းထားကြတယ်။ နောက်ပြီးတော့ တချို့နေရာတွေမှာ သူ့ကို Read Only ပဲပေးထားကြသလို Retention အနေနဲ့လည်းသုံးကြတယ်။ Retention က ဘယ်လိုမျိုးလည်းဆိုတော့။ ဒီ Data ကို Retention 10 years ပေးလိုက်တယ်ဆိုပါဆို့။ ဒါဆို ဒီ 10 years အတွင်း ဘယ်သူမှ မဖျက်နိုင်တော့ဘူး။ ဒီတော့ file အကြောင်းကို ဆက်သွားကြတာပေါ့။ File အကြောင်းသွားမယ်ဆိုရင် Open format ကို သိရမယ်။ Open format ဆိုတာမျိုးက .txt, .jpg, .odt, .tar စသဖြင့် ။ Data အပိုင်းကို ဆက်သွားမယ်ဆိုရင် Mount point နဲ့ without mounting ဆိုပြီး ၂ မျိုးထပ်ခွဲလို့ရပါတယ်။ ဆိုလိုတာက Mount point မှာဆိုရင် ဥပမာ။ ။ Block and files ဆိုပီးထပ်ကွဲတယ်။
Block ပိုင်းမှာ ( SCSI LUN, partitioning, file system, etc... )
File ပိုင်းမှာ ( NFS, CIFS, etc.. ) စသဖြင့်ပေါ့။ Without mounting မှာဆိုရင်ဖြင့်... ( Rest API, Https .... ) စသဖြင့်ပေါ့။ သွားလက်စနဲ့ Object အကြောင်း နည်းနည်းလောက် ဆက်သွားကြည့်ရအောင်။
What's object data ?
Object Data = Files + Metadata
ဆိုပါစို့ JPG ဖိုင်လေးရှိတယ်ဆိုကြပါဆို။ အဲဒီ JPG ဆိုတဲ့ပုံလေးကို ကျနော်တို့က File လို့ခေါ်တယ်။ အဲဒီဖိုင်ကို Right Click နှိပ်ပီး Properties ကိုကြည့်လိုက်ရင် သူ့ရဲ့ Resolution တွေ ဘယ်နေ့ဘယ်ရက်ကရိုက်ထားတာတွေ၊ အဲဒီဖိုင်ရဲ့ Information တွေ၊ အဲဒါမျိုးတွေကို Metadata လို့ခေါ်တယ်။ နောက်တခုက အဲဒီ MetaData ကို ကျနော်တို့အနေနဲ့ Customize လုပ်လို့လည်း ရနိုင်တယ်။Thanks you all.

1 comment:

  1. What does 1xbet do? - Work Paper
    It offers an opportunity to bet on a variety of games, a range of tournaments, a sportsbook and so much more. This gives you a งานออนไลน์ chance to win a great amount

    ReplyDelete