Overview for Container
Why do we need container? Containers solution ဟာ ဆိုရင် Applications တွေကို အဆင်ပြေပြေ ချောချောမွေ့မွေ့ Environment တခုကနေ တခုကို လွယ်လွယ်ကူကူ RUN လို့ရအောင် လုပ်ပေးတဲ့ Solution တခုဖြစ်ပါတယ်။ ဆိုကြပါစို့။ Developer တယောက်က App တခုကို သူ့ရဲ့ ကိုယ်ပိုင် Machine မှာ Run တယ်။ အဆင်ပြေတယ်။ ဒါပေမယ့် အဲဒီမှာ Run ထားတဲ့ Code တွေကို တခြား Environment မှာ Run ကြည့်တဲ့အခါ အဆင်မပြေဖြစ်တယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ ကိုယ်ပိုင် Machine မှာ RUN ထားတဲ့ Environment နဲ့ တခြား Environment မှာရှိတဲ့ Version တွေ development environment server ရဲ့ config တွေက မတူညီတဲ့အတွက် အဆင်မပြေ ဖြစ်ကြတယ်။ ဆိုပါစို့ Appplication code တခုကို ကျနော်က Python 2 မှာ develop လုပ်ထားတယ်။ အဲဒါကို Python 3 မှာ Run ချင်တယ်ဆိုရင် Python 3 နဲ့ကိုက်ညီမယ့် Code တွေကို ပြန်ပြုပြင် ရေးဖို့ လိုအပ် လာလိမ့်မယ်။ ဒီ Issue ဟာ developer သမားတွေအတွက်တော့ တကယ့် Giant problem ပဲ။ ဒါကြောင့် Applications တွေအားလုံးဟာ ဘယ်နေရာ၊ ဘယ်စက်မှာပဲ ဖြစ်ဖြစ် လွယ်လွယ်ကူကူ အဆင်ပြေပြေ ချောချောမွေ့မွေ့ Run စေဖို့အတွက် Containers Solution ကို လိုအပ်လာခြင်းပဲဖ...