Storage Overview
Storage Overview Storage အပိုင်းကိုစပီးလေ့လာမယ်ဆိုရင်.. ပထမဦးဆုံးသိထားရမယ့်အချက်တွေရှိပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ DAS, NAS & SAN တို့ဖြစ်သလို RAID အကြောင်းလဲသေသေချာချာသိဖို့ လိုအပ်ပါတယ်။ DASဆိုတာဘာလဲ ? NAS ဆိုတာဘာလဲ ? SAN ဆိုတာဘာလဲ? ဆိုတာအရင်ဆုံးသိဖို့လိုအပ်တယ်။ (ကျွန်တော့ အယူအဆ) DAS ဆိုတာက Direct attach storage. အခု ကျနော်တို့ လက်ရှိအသုံးပြုနေတဲ့ လက်တော့တွေ ကွန်ပျူတာတွေမှာ တွဲလျှက်(Built_In)ပါလာတဲ့HDD ကိုတိုက်ရိုက်ချိတ်ဆက်အသုံးပြုတာမျိုးကို DAS လို့ခေါ်ပါတယ်။ External HDD တွေကို Laptop & Desktop တွေမှာချိတ်ဆက်အသုံးပြုတာမျိုးကိုလဲ DAS လို့ခေါ်တယ်။ နောက်တခုက NAS အကြောင်း။ NAS ဆိုတာ Network Attach Storage။ သူကျတော့ Local Network အတွင်းမှာ Share သုံးနိုင်သလို WAN Network အတွင်းမှာရှိတဲ့ user ပေါင်းမြောက်များစွာမှ ၎င်း NAS ကို share ပီးအသုံးပြုနိုင်တယ်။ NAS မှာ Support လုပ်ပေးနိုင်တဲ့ Protocols တွေအများကြီးရှိတယ်။ ဥပမာ။ ။ NFS, SMB/CIFS or AFP… ထိုနည်း၎င်းပဲ SAN ကို Support လုပ်တဲ့ Protocols တွေရှိပါတယ်။ ဥပမာ။ ။ iSCSI , Fibre c...