Sunday, April 7, 2019

SD-WAN with Sophos XG Firewall.

ယခုနောက်ပိုင်း SD-WAN ဆိုတဲ့ အသုံးအနှုံးကို Industry မှာ တော်တော်များများ တွေ့လာရတယ်။ Google ခေါက်ကြည့်လိုက်တော့ SD-WAN ကို သုံးရတဲ့ ရည်ရွယ်ချက် ၄ ခုကိုသွားတွေ့တယ်။ ဘာတွေလဲဆိုတော့

1) Reduce connectivity costs

Traditional MPLS တွေဈေးတအားကြီးပါတယ်။ ဒါကြောင့် Connectivities cost တွေကို လျှော့ချဖို့ နည်းလမ်းရှာဖွေနေကြပါတယ်။

2) Business continuity

Organizations တော်တော်များများဟာ WAN link failure ဖြစ်တဲ့အချိန်မှာ Redundancy ရှိဖို့ Routing stable ဖြစ်ဖို့ Session ပြတ်မသွားဖို့ Business continuity ကို လိုအပ်ပါတယ်။ ဒါကလည်း SD-WAN features ထဲက တခုပဲဖြစ်ပါတယ်။

3) Simpler branch office VPN orchestration

VPN orchestraion အတွက် locations အများစုဟာ complex ဖြစ်သလို time-consuming လည်းအရမ်း ဖြစ်ကြပါတယ်။ Organization တော်တော်များများဟာ ၎င်း vpn orchecstration/deploy/setup အတွက် Automation tools ကို ရှာဖွေနေကြပြီး SD-WAN က One of the solution တခုဖြစ်ပါတယ်။

4) Quality of critical applications

ဒီ objective ကတော့ SD-WAN ရဲ့ One of the main part ဖြစ်ပါတယ်။ လက်ရှိ Run နေတဲ့ Application တွေရဲ့ Traffic တွေ၊ Performance တွေ session တွေကို အမြဲတမ်း up နေဖို့လိုအပ်တယ်။

If you are looking for the SD-WAN, the best solution as below:

XG Firewall SD-WAN Capabilities:

Multiple WAN link options with MPLS (ethernet handoff), VDSL, and LTE Cellular with essential monitoring, balancing, and failover.

A pioneer in branch office SD-WAN connectivity with our SD-RED zero-touch deployment devices and robust VPN, as well as our innovative XG Series desktop models.

Excellent VPN support for IPSec, SSL, RED secure L2 w/routing, and a central multi-site VPN orchestration via SFM or CFM.

Unique application control and visibility with Synchronized App Control and cloud app visibility, with live connection monitoring and bandwidth utilization and out-of-the-box support for major cloud applications.

Application routing over preferred links via firewall rules or policy based routing.



Monday, June 4, 2018

Overview for Container

Why do we need container?



Containers solution ဟာ ဆိုရင် Applications တွေကို အဆင်ပြေပြေ ချောချောမွေ့မွေ့ Environment တခုကနေ တခုကို လွယ်လွယ်ကူကူ RUN လို့ရအောင် လုပ်ပေးတဲ့ Solution တခုဖြစ်ပါတယ်။ ဆိုကြပါစို့။ Developer တယောက်က App တခုကို သူ့ရဲ့ ကိုယ်ပိုင် Machine မှာ Run တယ်။ အဆင်ပြေတယ်။ ဒါပေမယ့် အဲဒီမှာ Run ထားတဲ့ Code တွေကို တခြား Environment မှာ Run ကြည့်တဲ့အခါ အဆင်မပြေဖြစ်တယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ ကိုယ်ပိုင် Machine မှာ RUN ထားတဲ့ Environment နဲ့ တခြား Environment မှာရှိတဲ့ Version တွေ development environment server ရဲ့ config တွေက မတူညီတဲ့အတွက် အဆင်မပြေ ဖြစ်ကြတယ်။ ဆိုပါစို့ Appplication code တခုကို ကျနော်က Python 2 မှာ develop လုပ်ထားတယ်။ အဲဒါကို Python 3 မှာ Run ချင်တယ်ဆိုရင် Python 3 နဲ့ကိုက်ညီမယ့် Code တွေကို ပြန်ပြုပြင် ရေးဖို့ လိုအပ်

လာလိမ့်မယ်။ ဒီ Issue ဟာ developer သမားတွေအတွက်တော့ တကယ့် Giant problem ပဲ။ ဒါကြောင့် Applications တွေအားလုံးဟာ ဘယ်နေရာ၊ ဘယ်စက်မှာပဲ ဖြစ်ဖြစ် လွယ်လွယ်ကူကူ အဆင်ပြေပြေ ချောချောမွေ့မွေ့ Run စေဖို့အတွက် Containers Solution ကို လိုအပ်လာခြင်းပဲဖြစ်ပါတယ်။

What is Containerization(Container)?



Containerization ဆိုတာ Hypervisor virtualization လမ်းကြောင်းဆီကိုသွားတဲ့ alternative solution မျိုးဖြစ်ပီး အရမ်းပေါ့ပါးပီး သုံးရတာ ease ဖြစ်စေတယ်။ မည်သည့် Application  အမျိုးအစားမဆို Container ထဲမှာ ကောင်းကောင်းRunနိုင်သလို အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်စေနိုင်တယ်။ Dependencies, libraries and binaries တွေအတွက်လည်း တွေးပြီး ပူပင်နေစရာမလိုဘူး။ ဘာလို့လဲဆိုတော့ Container က Applications တွေအတွက် လိုအပ်တဲ့ Dependencies, Libraries and binaries တွေနဲ့ သီခြား Isolated environment ကို တည်ဆောက်ပေးထားပြီး လွယ်လွယ်ကူကူ အဆင်ပြေပြေ Run နိုင်ဖို့အတွက် ဖြစ်တယ်။ Container တွေရဲ့ ရည်ရွယ်ချက် Design ဟာ Physical, Virtual and any cloud တွေပေါ်မှာ ကောင်းကောင်းမွန်မွန် အဆင်ပြေပြေ RUN နိုင်ဖို့ဖြစ်တယ်။

Different between Containerization and virtualization?



Virtualization Tech ဟာ Single Hardware ပေါ်မှာ Multi operating system တွေကို Run စေနိုင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ရှိပီးသား Hardware Resources တွေကို အကောင်းဆုံး Utilize လုပ်ပီး အဆင်ပြေပြေသုံးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ Single Hardware Resource ပေါ်မှာ Multi Operating System(VMs) တွေ Run ပီး အဲဒီ OS(VMs) တွေပေါ်မှာ Applications တွေကို တသီးတသန့် Run ပီး အသုံးပြုကြပါတယ်။ ဥပမာ။ Vmware, Microsoft HyperV, Kvm , Xen and so on...

Container Tech တွေဟာ single operating system ပေါ်မှာ Run ကြပါတယ်။ ဆိုလိုတာက Container တော်တော်များများဟာ single operating system ကို share ပီးသုံးကြပါတယ်။ Container တခုချင်းစီဟာ single operating system ကို share ပီး အသုံးပြုကြပေမယ့် လိုအပ်တဲ့ dependencies, libraries and binaries တွေကတော့ Container တခုချင်းစီမှာ တသီးတခြား သီးသီးသန့်သန့်နဲ့ အသုံးပြုလို့ ရနိုင်ပါတယ်။ ဒါကြောင့် Containersation ကို Application-specific virtualization လို့ ခေါ်ဆိုနိုင်ပါတယ်။ Container ရဲ့ Design ဟာ Application mgmt issues တွေကို ပြေလည်စေဖို့အတွက်ဖြစ်ပြီး Virtualization ကို Replacement လုပ်ဖို့အတွက် မဟုတ်ပါ။

What's the docker on container?

Docker ဆိုတာ Containers တွေကို Manage လုပ်ဖို့အတွက် Tool တခုသာဖြစ်တယ်။ Docker ကို အသုံးပြုခြင်းအားဖြင့် Container တွေကို create လုပ်နိုင်တယ်။ Deploy လုပ်နိုင်သလို Application container တွေကို ပါ Run နိုင်ပါတယ်။


Tuesday, September 19, 2017

Data Deduplication

Data Deduplication
Data Deduplication အကြောင်းမသွားခင်မှာ သူ့ရဲ့ Nature နဲ့ use case လေး ပြောပါရစေ။
ကျနော်တို့ စာဖတ်မယ်ဆိုပြီး Internet ကနေ ဖိုင်တဖိုင်ကို ဒေါင်းလုတ် လုပ်လိုက်တယ်။ ဒါပေမယ့် တကယ်တမ်းကျ ကျနော်တို့ မဖတ်အားသေးလို့ မဖတ်ဖြစ်သေးဘူး။ တပတ်၊ ၂ ပတ် ကြာသွားတယ်။ မေ့သွားတယ်။  နောက်တူညီတဲ့ဖိုင်တဖိုင်ကိုပဲ  ထပ်ပီး ဒေါင်းလုတ်ဆွဲတယ်။ ဖိုင်က ၂ ဖိုင်ဖြစ်သွားတယ်။ ဒီတော့ ဖိုင်တဖိုင်ကို 1MB ပဲ ထားပါစို့။ ဖိုင်က ၂ ဖိုင်ဆိုတော့ 2MB ဖြစ်သွားပီ။ ဒီတော့ Capacity အနေနဲ့ကြည့်ရရင် မသက်သာဘူး။  ဒီတော့ Capacity ကိုချွေတာရတယ်။ Capacity ချွေတာတယ်ဆိုတာ Money ချွေတာတာပဲ။  နောက်ပီး အဲဒီဖိုင်တွေကို တနေရာနဲ့တနေရာ နက်ဝက်ပေါ်ကနေ ကူးကြပီ ဆိုပါစို့။ ဖိုင်ဆိုဒ်ကြီးရင် နက်ဝက် Bandwidth စားတယ်။ Storage မှာ Capacity က Money ဆိုရင် Network မှာ Bandwidth က Money ပဲ။ ဒီတော့ အကြမ်းဖျင်းအားဖြင့် Deduplication ဆိုတာ Capacity and Bandwidth သက်သာတယ်လို့သာ မှတ်ထားလိုက်ပါ။ နောက်တခုက.. Data Deduplication ကို သွားမယ်ဆိုရင် အရင်ဆုံး အကြမ်းဖျင်းအားဖြင့် Target-Based deduplication(Storage Appliance) and source deduplication(Backup server) ဆိုပီး ၂ မျိုး ၂ စား ခွဲခြားနိုင်ပါတယ်။
Source-based deduplication(Backup Server) : မှာဆိုရင်  သူရဲ့အလုပ်လုပ်ပုံကရှင်းပါတယ်။ Data တွေကို Data Store(Storage Appliance) ဆီကို မပို့ခင်မှာ Client/ Server ဆိုဒ်မှာပဲ Deduplicate လုပ်ပါတယ်။ အဲတော့ Bandwidth သက်သာသလို Storage capacity ကိုလည်း ချွေတာရာ ရောက်ပါတယ်။
Target-Based deduplication (Storage Appliance): သူ့ရဲ့အလုပ်လုပ်ပုံကလည်းရှင်းပါတယ်။ Data တွေကို Storage Appliance ဆီရောက်ပီးတော့မှပဲ Optimize and Deduplicate လုပ်ပါတယ်။ အဲတော့ Bandwidth အနေနဲ့ကတော့ သိပ်မသက်သာဘူးပေါ့။ ဒါပေမယ့်လည်း
 Backup server က storage နဲ့ချိတ်တဲ့ Connectivity မှာလည်း စကားပြောပါတယ်။ တချို့ကျ network နဲ့သွားသလို တချို့ကျ Fibre နဲ့သွားကြပါတယ်။ တကယ်တမ်းကျ Deduplication မှာ Process တွေက အများကြီးပါဘဲ။ Target based အောက်မှာဆိုရင်  Post-Process deduplication, In-Line  Deduplication စသဖြင့်ပေါ့။ Target-based deduplication သုံးမယ်ဆိုရင် In-Line Deduplication ကို Enable လုပ်ကြပါတယ်။ ဘာလို့လည်းဆိုတော့ In-Line Deduplication ကို Enable လုပ်ထားတယ်ဆိုရင် ပုံမှန်ထက်ပိုပြီး  Bandwidth သက်သာစေပါတယ်။ အောက်ကပုံလေးတွေကို ထောက်ကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ်။ Thanks you all.





Monday, September 4, 2017

Data center Design Overview,

Data center infra design ဘက်သွားကြည့်မယ်ဆိုရင် အဓိက လိုအပ်တဲ့ Components က ၄ ခုပဲ ရှိပါတယ်။ ဘာတွေလဲဆိုတော့...
Storage , Network, Compute and Application တို့ဖြစ်ပါတယ်။ နောက်တခုက Data center design မှာဆိုရင် ၃ မျိုးထပ်ပြီးကွဲပြားတယ်။ ဘာတွေလဲဆိုတော့ Traditional Design, Converged Design and Hyper-Converged Design ဆိုပီးတော့ Data center mordernization ဘက်ကို တဖြည်းဖြည်းပြောင်းလာကြပါတယ်။ Traditional Design မှာဆိုရင် Storage, network , compute and Application တို့ပါဝင်တယ်။ အဲဒီမှာထပ်ပြီးကွဲပြားတာက Storage မှာဆိုရင် Hitachi, EMC, NetApp and Huawei... စသဖြင့်ပေါ့။ နောက်တခုက Network မှာဆိုရင် Brocade, Cisco and Juniper ... နောက်ပြီး Compute မှာဆိုရင် Cisco UCS, Hitachi Blades, Dell and HP... Application ပိုင်းမှာလည်း အများကြီးပါဘဲ။ ဒီတော့ Network ပိုင်းမှာဆိုရင် Cisco လုပ်တတ်တဲ့သူက Brocade မလုပ်တတ်၊ Brocade လုပ်တတ်တဲ့သူက Cisco မလုပ်တတ်၊ စသဖြင့်ပေါ့။ Storage မှာဆိုရင်လည်း Hitachi လုပ်တတ်တဲ့သူက EMC, NetApp မလုပ်တတ်၊ EMC, NetApp လုပ်တတ်တဲ့သူက Hitachi မလုပ်တတ်။ ဒီတော့ Cisco လုပ်တတ်တဲ့သူတွေ ငှားရတယ်။ Brocade လုပ်တတ်တဲ့သူတွေ၊ Juniper လုပ်တတ်တဲ့သူတွေ၊ Hitachi လုပ်တတ်တဲ့သူတွေ အများကြီးငှားရတယ်။ Team တခုနဲ့တခုလည်း တွဲလုပ်တဲ့သူတွေရှိသလို တွဲမလုပ်တဲ့သူတွေရှိတယ်။ ဒီတော့ Tradition Design ကြီးက ကြီးလာတာနဲ့အမျှ Complex ဖြစ်လာတယ်။ ဒီတော့ Manage လုပ်ရတာ ခက်လာတယ်။ Technician တွေကို ထိန်းသိမ်းရတာခက်လာတယ်။ ဒီတော့ သူတို့တွေ နောက်တဆင့် Solution ကို စဉ်းစားလာကြတယ်။ ဘာ Solution လည်းဆိုတော့ Converged Solution. သူမှာလည်း အဓိက Components က ၄ ခုပါတယ်။ Traditional Design နဲ့အတူတူပဲ။ Storage , Network , Compute and Application တွေပဲ။ သူက Traditional Design Solution နဲ့မတူတာက ဘာလဲဆိုတော့ Industry က ထုတ်ပေးလိုက်ကတည်းက Predefined လုပ်ပေးလိုက်ပီးသား။ Customer အနေနဲ့ Order မမှာခင်ကတည်းက ကိုယ်လိုချင်တဲ့ Brand ကို စိတ်ကြိုက် ရွေးချယ်လို့ရတယ်။ ဥပမာ။  ။ Storage မှာ Hitachi, Network မှာ Brocade , Compute မှာ Hitachi or Dell စသဖြင့် ရွေးချယ်ပီး Order မှာရုံပဲ။ Industry က ကိုယ်ရွေးချယ်ပေးလိုက်တဲ့ Brand တွေနဲ့ စက်ရုံမှာကတည်းက အကုန်ဆင်ပေးလိုက်တယ်။ ပီးတော့ တခုကောင်းတာက Management လုပ်ရတာလည်း Centralize ဖြစ်လာတယ်။ နောက်တခုက Scale-up and Scale-out ပါရတယ်။ အခုလက်ရှိ Production Environment တွေမှာလည်း Converged Design Solution ကို 90% လောက်အထိ သုံးထားကြတယ်။ နောက် Solution တခုက Hyper-Converged Solution. သူမှာလည်း အဓိက Components က ၄ ခုပါတယ်။ Traditional Design နဲ့အတူတူပဲ။ Storage , Network , Compute and Application တွေပဲ။ သူ့ကျတော့ Fixed Solution. Scale-up မရဘူး။ Scale-out ပဲရတယ်။ ဒါကတော့ သူ့ရဲ့ အားနည်းချက်ပေါ့။ နောက်တခုက One Box Solution. ဥပမာ။   ။ Box တခုထဲမှာ Server 4 လုံး ပါမယ်။ Network ပါမယ်။ Local HDD တွေပါမယ်။ သူကျတော့ Storage သီးသန့်မပါတော့ပဲ Local HDD တွေကို ပေါင်းပီး vSAN သုံးထားတယ်။ vSAN သုံးတဲ့အတွက် SSD အနည်းဆုံး 1:10 ပါရမယ်။ ဥပမာ။  ။ HDD(SAS or SATA) ကို 1TB သုံးထားတယ်ဆိုရင်ဖြင့် SSD အနည်းဆုံး 120GB လိုအပ်မှာ ဖြစ်ပါတယ်။ သူကျတော့ ဘယ်လိုနေရာမျိုးတွေမှာ ပိုအဆင်ပြေလည်းဆိုတော့ Green Environment တွေ မှာပိုအဆင်ပြေတယ်။ အခုမှ Infra စဆောက်တဲ့ Environment မျိုးတွေမှာ ပိုပြီး အသုံးတည့်တယ်။ အားလုံးကိုကျေးဇူးပါ။

Sunday, September 3, 2017

SAN Switch Fundamental Part I

ဒီတခါ SAN switch အကြောင်းနည်းနည်းလောက်သွားကြည့်ရအောင်။ SAN Switch ကို သွားမယ်ဆိုရင် WWNN, WWPN တွေ သိရမယ်။ လောလောဆယ်Node Name , Port Name ဆိုပြီး အကြမ်းဖျင်းအားဖြင့်မှတ်ထားလိုက်ပါ။ ဒါ့အပြင် HBA Cards(Host Bus Adapter) တွေလည်း သိရမယ်။ Details သိချင်တယ်ဆိုရင်တော့ Google ခေါက်ပါ။ ဒါမှမဟုတ် နောက်ပိုင်းမှာ ကျနော်ရှင်းပြပါ့မယ်။ ။ Server မှာ WWNN and WWPN ( Node Name and Port Name ) ရှိတယ်။ အဲသလိုပဲ Storage မှာလည်း WWPN ရှိတယ်။ SAN switch မှာ Zoning ဆိုတာရှိတယ်။ Networking မှာဆိုရင် VLAN ခွဲသလိုမျိုးပါပဲ။ Zoning မှာမှ Soft Zone and Hard Zone ဆိုပြီးရှိတယ်။ တချို့ကျတော့လည်း Zoning လို့မခေါ်ပဲ vsan လို့လည်းခေါ်ကြတယ်။ ထားပါတော့ အခေါ်အဝေါ်က ပြဿနာမဟုတ်ပါဘူး။ အဓိကက Use Case ကို သိဖို့က အဓိကပါ။ များသောအားဖြင့် Soft Zone ကို အသုံးများကြတယ်။ Soft Zone က ဘယ်လိုမျိုး အလုပ်လုပ်လည်းဆိုတော့ အကယ်လို့များ SAN Switch မှာ SFP တွေ port တွေ ပြဿနာ တက်ကြပီ ဆိုပါစို့ SFP မကောင်းရင် အသစ်လဲလှယ်ပီး ကြိုးပြန်တက်လိုက်ရင် အဆင်ပြေသွားပီ။ SAN Switch ရဲ့ Configuration ကို ထိစရာမလိုဘူး။ ဒါကြောင့်ပဲ Soft Zone ကို အသုံးပြုကြတာများပါတယ်။ Hard Zone ကြတော့ ဘယ်လိုမျိုးလည်းဆိုတော့ သူကလုံး၀ Fixed. Server နဲ့ Storage ကြားက Port တွေကို လုံး၀ Fixed သတ်မှတ်ထားတာ။ Port တခုပျက်သွားလို့အသစ်လဲမယ်ဆိုရင် Configuration တွေ ပြန်ချိန်းရပီ။ဒါကြောင့်အသုံးနည်းတယ်။ ဒါပေမယ့်တချို့နေရာတွေမှာသုံးကြပါတယ်။ နည်းနည်းလေ မြင်ကြည့်ရအောင်။ လောလောဆယ် Very Basic ကနေစသွားကြရအောင်။ SAN Switch ကို Server and Storage ကြားထဲမှာ မြင်ကြည့်ပါ။ Server 2 လုံးရှိမယ်။ SAN switch ၁ လုံးရှိမယ်။ Storage တလုံးရှိမယ်။ လောလောဆယ်တော့ SAN Switch တလုံးထဲနဲ့ပဲ ရှင်းပြပါရစေ။ပိုပြီးမြင်သာအောင်ပါ။တကယ့် Real Production မှာဆိုရင် Redundant ဖြစ်အောင် SAN Switch ကို၂လုံးထားကြပါတယ်။ နောက်ပီး Multi-Pathing ကိုလည်း အသုံးပြုကြပါတယ်။ အိုကေ ပြန်ဆက်ရရင်... SAN Switch မှာ Zone A ဆိုပြီး Zone တခုဆောက်မယ်။ အဲဒီ Zone A ထဲမှာ Server A ရဲ့ WWPN ရယ် Storage Port-A ရဲ့ WWPN ကို ပေါင်းထည့်လိုက်ပီး ပေးတွေ့လိုက်တယ်။ SAN Switch မှာ နောက်ထပ် Zone B ဆိုပြီး Zone တခုထပ်ဆောက်မယ်။ အဲဒီ Zone B ထဲမှာ Server B ရဲ့ WWPN ရယ် Storage Port-B ရဲ့ WWPN ကို ပေါင်းထည့်လိုက်ပီ ပေးတွေ့လိုက်တယ်။ Storage ဘက်မှာ ကျနော်က Volume ၂ ခု ဆောက်ထားမယ်။ Volume A & Volume B. Volume A ကို Storage Port-A ရဲ့ လမ်းကြောင်းထဲကို ပစ်ထည့်လိုက်မယ်။ အလားတူပဲ Volume B ကို Storage Port-B ရဲ့ လမ်းကြောင်းထဲကို ပစ်ထည့်လိုက်မယ်။ ဒီမှာတင် The End ပါ။ Server A က Volume A ကိုပဲ မြင်ရပါမယ်။ ထို့အတူ Server B က Volume B ကို မြင်ရပါလိမ့်မယ်။ နောက်များမှပဲ Fully Architecture နဲ့ ထပ်ရှင်းပြပေးပါ့မယ်။ Thanks you all.

HCP Solution Part II

HCP Solution,
အရင်အပတ်က HCP Solution ရဲ့ အဆက်လေးပါ။ ဒီတခါတော့
Archive Data and Object Data အကြောင်း နည်းနည်းပြောပါရစေ။
Application and Data
Data ကို အကြမ်းဖျင်းအားဖြင့် ၃ ပိုင်းခွဲလို့ရပါတယ်။
1) Active Data
2) Backup Data
3) Archive Data
ဆိုပြီးတော့ ၃ မျိုးရှိပါတယ်။
Active Data ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ Exchange လို Application တွေ DB တွေ စသဖြင့်အများကြီးပါဘဲ။
Backup Data ကတော့ သိတဲ့အတိုင်းပဲ Restore ပြန်လုပ်လို့ရရမယ့် Data မျိုးတွေ same environment or other environments တွေမှာ ပြန်ပီး Restore လုပ်လို့ရပါတယ်။
Archive Data ကြတော့ ဘယ်လိုမျိုးလဲဆိုတော့ သူက Legal တွေ Government တွေ မှာ အများဆုံးတွေ့ရမယ်။ ဘယ်လိုမျိုးလဲဆိုတော့ Archive ဆိုတာ Block-based မဟုတ်ပါ။ Archiving always keep as a file. We can call as file-based. Archive Data နဲ့ Backup Data က တူသယောင်ယောင်နဲ့ လုံးဝမတူပါဘူး။ Archive Data ဆိုတာ ဘယ်လိုမျိုးလည်း ဆိုတော့ In-active Data ပုံစံမျိုး။ အရေးကြီးတယ်။ ဒါပေမယ့် နေ့တိုင်းမလိုအပ်ဘူး။ တချိန်မှာပြန်ရှာရင်လည်း လွယ်ကူအောင်ပေါ့။ ဘယ်နေရာတွေမှာ အသုံးများလည်းဆိုတော့ E-Library ပုံစံမျိုးတွေ။ အခုလက်ရှိတော့ မလိုအပ်သေးဘူး။ ဒါပေမယ့် နောင်တချိန်မှာ လိုအပ်လာရင် ပြန်ရှာဖို့လွယ်ကူရမယ်။ Performance မလိုအပ်တဲ့နေရာမျိုးတွေမှာ သိမ်းထားကြတယ်။ နောက်ပြီးတော့ တချို့နေရာတွေမှာ သူ့ကို Read Only ပဲပေးထားကြသလို Retention အနေနဲ့လည်းသုံးကြတယ်။ Retention က ဘယ်လိုမျိုးလည်းဆိုတော့။ ဒီ Data ကို Retention 10 years ပေးလိုက်တယ်ဆိုပါဆို့။ ဒါဆို ဒီ 10 years အတွင်း ဘယ်သူမှ မဖျက်နိုင်တော့ဘူး။ ဒီတော့ file အကြောင်းကို ဆက်သွားကြတာပေါ့။ File အကြောင်းသွားမယ်ဆိုရင် Open format ကို သိရမယ်။ Open format ဆိုတာမျိုးက .txt, .jpg, .odt, .tar စသဖြင့် ။ Data အပိုင်းကို ဆက်သွားမယ်ဆိုရင် Mount point နဲ့ without mounting ဆိုပြီး ၂ မျိုးထပ်ခွဲလို့ရပါတယ်။ ဆိုလိုတာက Mount point မှာဆိုရင် ဥပမာ။ ။ Block and files ဆိုပီးထပ်ကွဲတယ်။
Block ပိုင်းမှာ ( SCSI LUN, partitioning, file system, etc... )
File ပိုင်းမှာ ( NFS, CIFS, etc.. ) စသဖြင့်ပေါ့။ Without mounting မှာဆိုရင်ဖြင့်... ( Rest API, Https .... ) စသဖြင့်ပေါ့။ သွားလက်စနဲ့ Object အကြောင်း နည်းနည်းလောက် ဆက်သွားကြည့်ရအောင်။
What's object data ?
Object Data = Files + Metadata
ဆိုပါစို့ JPG ဖိုင်လေးရှိတယ်ဆိုကြပါဆို။ အဲဒီ JPG ဆိုတဲ့ပုံလေးကို ကျနော်တို့က File လို့ခေါ်တယ်။ အဲဒီဖိုင်ကို Right Click နှိပ်ပီး Properties ကိုကြည့်လိုက်ရင် သူ့ရဲ့ Resolution တွေ ဘယ်နေ့ဘယ်ရက်ကရိုက်ထားတာတွေ၊ အဲဒီဖိုင်ရဲ့ Information တွေ၊ အဲဒါမျိုးတွေကို Metadata လို့ခေါ်တယ်။ နောက်တခုက အဲဒီ MetaData ကို ကျနော်တို့အနေနဲ့ Customize လုပ်လို့လည်း ရနိုင်တယ်။Thanks you all.

HCP Solution Part I

Hitachi Content Platform Solution (HCP)
လက်ရှိအချိန်မှာ လူတိုင်းဟာ mobility ကိုသွားနေကြပီဆိုတော့ Solution တခုနဲ့မိတ်ဆက်ပေးပါရစေ။ Hitachi Data System ရဲ့ HCP Solution ပါ။ ကိုယ့်ရဲ့ Data တွေကို Internet access ရှိရုံနဲ့ မည်သည့် Devices မည်သည့်နေရာ ကနေမဆို Access လုပ်လို့ရမယ့် Solution ပါ။ DropBox ပုံစံမျိုးပါ။ DropBox နဲ့ မတူညီတာက ဘာလဲဆိုတော့... ကိုယ့်ရဲ့ Data ကို ကိုယ့်ရဲ့ Infrastructure မှာပဲသိမ်းထားမယ်။ ကိုယ့်ရဲ့ Security zone ထဲမှာပဲရှိမယ်။ Data On Primises ဖြစ်တယ်။ Private Cloud ပုံစံမျိုးပေါ့။ သူက Private Cloud တင်မဟုတ်ဘဲ Hybrid Cloud ပုံစံမျိုးပါ အသုံးပြုလို့ရပါတယ်။ ကိုယ့်ရဲ့ Infrastructure မှာ Capacity မလုံလောက်တော့ဘူးဆိုပါစို့။ ကျနော်တို့အနေနဲ့ Infrastructure ထပ်ပီးဆောက်စရာမလိုပဲ Public Cloud ကနေ Capacity ဝယ်ပြီး ကိုယ့်ရဲ့ Private Cloud နဲ့ချိတ်ဆက်ပီး အသုံးပြုလို့ရပါတယ်။ RestAPI ကိုအသုံးပြုပြီး ချိတ်ဆက်ရုံပါပဲ။ User တယောက်ကို အများဆုံး Devices 8 ခုအထိ လက်ခံနိုင်သလို အကုန်အကျနည်းနည်းနဲ့ Solution တခုပါ။ ဘယ်လိုနေရာမျိုးတွေမှာ အသုံးချနိုင်လည်းဆိုတော့.. နေရာမျိုးစုံမှာအသုံးချနိုင်ပါတယ်။ ဥပမာတခုအနေနဲ့ Company တခုမှာ နယ်တွေကို အသွားများတဲ့ Sales Man တွေ ရှိလိမ့်မယ်။ သူတို့တွေအကုန်လုံး နယ်မှာရောက်နေပေမယ့် Internet Access ရှိတာနဲ့အမျှ ရုံးချုပ်မှာရှိတဲ့ ဖိုင်တွေကို Anytime, Anywhere ကနေ Access လုပ်ခွင့်ရှိပါတယ်။ Solution ရဲ့ အမည်ကတော့ HCP-Anywhere ဖြစ်ပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်ကတော့ S3 ပါ။ Secure , Simple and Smart ပါ။ Secure အပိုင်းအနေနဲ့
■ Enterprise scale, protection, security and
reliability.
■ Data on premises and managed by your
own IT.
■ Identity management, mobile device
management and virus scan integration.
Encryption under your control.
■ Remote wipe of HCP Anywhere data on
lost, stolen and retired devices.
■ Lock code enforcement.
Simple ပိုင်းအနေနဲ့ကတော့
Compatible with existing IT practices
and policies.
■ Intuitive user operation on PC, Mac,
Android, iOS and Windows Phone
devices.
■ Client-specific applications.
■ Self-registration of users.
■ Clients available in English, Simplified
Chinese, Korean, Canadian French,
Japanese, Russian and Spanish.
■ No need to connect to a virtual private
network.
■ Files and folders shared via links.
■ Intuitive user interface: No end user
training required.
Smart အပိုင်းအနေနဲ့ကတော့
Mobile NAS access and file sync and
share in a single solution.
■ Backup-free storage.
■ Lost or broken devices no longer prevent
productivity.
■ Custom branding of the Web user portal.
■ Data compression and single instancing
of files.
■ High-density storage.
User များအနေနဲ့ အစမ်းသုံးချင်တယ်ဆိုရင်လည်း ရက် ၆၀ အသုံးပြုခွင့်ပေးထားပါတယ်။ ဒီနေရာမှာ Singup လုပ်ပီး အသုံးပြုနိုင်ပါတယ်။
http://trialsignup.gssd.hds.com/
Mobiles Devices တွေအတွက် Google Play , Apple App Store and Windows Phone App Store တွေမှာ HCP Anywhere ဆိုပြီး ရိုက်ထည့်ကာ Application ကိုရယူပြီး အသုံးပြုလို့ရနိုင်ပါပြီ။ Information ဖြည့်တဲ့အချိန်မှာ State နေရာမှာ ကြိုက်တဲ့ တခုကိုယူဖြည့်ပါ။ သူက Versioning ပါရတယ်။ file တဖိုင်ကို ဘယ်သူက Edit လုပ်သွားတယ် ဘယ်အချိန်မှာလုပ်သွားတယ် စသဖြင့်ပေါ့။ Thanks you all.