Posts

Showing posts from January, 2015

What is RAID ?

RAID ဆိုတာ တစ်ခုထက်ပိုသော Data သိမ်းဆည်းနိုင်တဲ့ တစ်ခုထက်ပိုတဲ့ Harddisk များကို Logical Device တစ်ခုတည်းဖြစ်သွားအောင် လုပ်လိုက်တဲ့ Array နည်းပညာကိုဆိုလိုပါတယ်။ တကယ်တော့ Harddiskမှ မဟုတ်ပါဘူး Data သိမ်းဆည်နိုင်တဲ့ Drive အားလုံးပါဝင်ပါတယ်။ Hardware RAID(RAID Controller) နဲ့ Software RAID နဲ့ Storage Array ဆိုပြီးတော့ RAID ကို သုံးမျိုးခွဲခြားနိုင်ပါတယ်။ ဘာကွာလဲဆိုတော့ Hardware RAID တော်တော်များများဟာ အလွယ်တကူ ဖြုတ်တပ်နိုင်တဲ့ SCSI ဟတ်ဒစ်တွေ သုံးထားတဲ့ Server တွေ အများစုမှာ ပါဝင်ပြီး BIOS ထဲက ပုံစံလိုမျိုး configure လုပ်ရမှာ ဖြစ်သော်လည်း Configure လုပ်ရတာ လွယ်ကူပါတယ်။ Software RAID ဟာ Server မဟုတ်တဲ့ သာမာန် PC များမှာ configure လုပ်နိုင်ပြီး OS အမျိုးအစားပေါ်မူတည်ပြီး configure ပြုလုပ်နိုင်ပြီး ကျွန်တော့် အတွေ့အကြုံအရ software RAID ကို သိပ်မကြိုက်သလို configure လုပ်ရတာ နည်းနည်း လက်ပေါက်ကပ်ပါတယ်။ Storage Array ဆိုတာကတော့ အနည်းဆုံး Hardware RAID(Raid Controller) နှစ်ခုပါဝင်ပြီး Multiple Raid Level ကို အထောက်အပံပေးထားပါတယ်။ ဘယ်လိုပဲ Hardware RAID တွေ၊ Software RAID ရှိနေပါစေ တကယ်တမ်း...