Tuesday, September 19, 2017

Data Deduplication

Data Deduplication
Data Deduplication အကြောင်းမသွားခင်မှာ သူ့ရဲ့ Nature နဲ့ use case လေး ပြောပါရစေ။
ကျနော်တို့ စာဖတ်မယ်ဆိုပြီး Internet ကနေ ဖိုင်တဖိုင်ကို ဒေါင်းလုတ် လုပ်လိုက်တယ်။ ဒါပေမယ့် တကယ်တမ်းကျ ကျနော်တို့ မဖတ်အားသေးလို့ မဖတ်ဖြစ်သေးဘူး။ တပတ်၊ ၂ ပတ် ကြာသွားတယ်။ မေ့သွားတယ်။  နောက်တူညီတဲ့ဖိုင်တဖိုင်ကိုပဲ  ထပ်ပီး ဒေါင်းလုတ်ဆွဲတယ်။ ဖိုင်က ၂ ဖိုင်ဖြစ်သွားတယ်။ ဒီတော့ ဖိုင်တဖိုင်ကို 1MB ပဲ ထားပါစို့။ ဖိုင်က ၂ ဖိုင်ဆိုတော့ 2MB ဖြစ်သွားပီ။ ဒီတော့ Capacity အနေနဲ့ကြည့်ရရင် မသက်သာဘူး။  ဒီတော့ Capacity ကိုချွေတာရတယ်။ Capacity ချွေတာတယ်ဆိုတာ Money ချွေတာတာပဲ။  နောက်ပီး အဲဒီဖိုင်တွေကို တနေရာနဲ့တနေရာ နက်ဝက်ပေါ်ကနေ ကူးကြပီ ဆိုပါစို့။ ဖိုင်ဆိုဒ်ကြီးရင် နက်ဝက် Bandwidth စားတယ်။ Storage မှာ Capacity က Money ဆိုရင် Network မှာ Bandwidth က Money ပဲ။ ဒီတော့ အကြမ်းဖျင်းအားဖြင့် Deduplication ဆိုတာ Capacity and Bandwidth သက်သာတယ်လို့သာ မှတ်ထားလိုက်ပါ။ နောက်တခုက.. Data Deduplication ကို သွားမယ်ဆိုရင် အရင်ဆုံး အကြမ်းဖျင်းအားဖြင့် Target-Based deduplication(Storage Appliance) and source deduplication(Backup server) ဆိုပီး ၂ မျိုး ၂ စား ခွဲခြားနိုင်ပါတယ်။
Source-based deduplication(Backup Server) : မှာဆိုရင်  သူရဲ့အလုပ်လုပ်ပုံကရှင်းပါတယ်။ Data တွေကို Data Store(Storage Appliance) ဆီကို မပို့ခင်မှာ Client/ Server ဆိုဒ်မှာပဲ Deduplicate လုပ်ပါတယ်။ အဲတော့ Bandwidth သက်သာသလို Storage capacity ကိုလည်း ချွေတာရာ ရောက်ပါတယ်။
Target-Based deduplication (Storage Appliance): သူ့ရဲ့အလုပ်လုပ်ပုံကလည်းရှင်းပါတယ်။ Data တွေကို Storage Appliance ဆီရောက်ပီးတော့မှပဲ Optimize and Deduplicate လုပ်ပါတယ်။ အဲတော့ Bandwidth အနေနဲ့ကတော့ သိပ်မသက်သာဘူးပေါ့။ ဒါပေမယ့်လည်း
 Backup server က storage နဲ့ချိတ်တဲ့ Connectivity မှာလည်း စကားပြောပါတယ်။ တချို့ကျ network နဲ့သွားသလို တချို့ကျ Fibre နဲ့သွားကြပါတယ်။ တကယ်တမ်းကျ Deduplication မှာ Process တွေက အများကြီးပါဘဲ။ Target based အောက်မှာဆိုရင်  Post-Process deduplication, In-Line  Deduplication စသဖြင့်ပေါ့။ Target-based deduplication သုံးမယ်ဆိုရင် In-Line Deduplication ကို Enable လုပ်ကြပါတယ်။ ဘာလို့လည်းဆိုတော့ In-Line Deduplication ကို Enable လုပ်ထားတယ်ဆိုရင် ပုံမှန်ထက်ပိုပြီး  Bandwidth သက်သာစေပါတယ်။ အောက်ကပုံလေးတွေကို ထောက်ကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ်။ Thanks you all.





No comments:

Post a Comment