Threat Intelligence က Vulnerability Prioritization ကို ဘယ်လို ပိုပြီး ထိရောက်စေနိုင်ပါသလဲ ?


ယနေ့ခေတ် Cybersecurity မှာ အဓိက ကြုံတွေ့နေရတဲ့ ပြဿနာက အဖွဲ့အစည်းတွေရဲ့ System တွေမှာ Vulnerability (အားနည်းချက်) တွေ ရာနဲ့ ချီပြီး ရှိနေတာပါ။ အဲဒီထဲကမှ "ဘယ်ဟာကို အရင်ဆုံး (Patch) ရမလဲ" ဆိုတာကို ဆုံးဖြတ်ရတာ CISO နဲ့ IT Security Team တွေအတွက် အလွန် ခေါင်းခဲစရာ ဖြစ်နေပါတယ်။



၁။ ရိုးရိုး CVSS Score တစ်ခုတည်းအပေါ် အခြေခံလို့ မရတော့ခြင်း

အရင်ကတော့ Vulnerability တစ်ခုရဲ့ High Risks ကို #CVSS Score (ဥပမာ - #Score\ 9.0 သို့မဟုတ် 10 ) အပေါ်ပဲ ကြည့်ပြီး အရင်ဆုံး Patch လုပ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒါက လက်တွေ့မကြတော့ပါဘူး။ ဘာလို့လဲဆိုတော့ တချို့ Score မြင့်တဲ့ အရာတွေက Hacker/Attackers တွေ တကယ် အသုံးမချနိုင်တဲ့ အရာတွေ ဖြစ်နေတတ်ပြီး၊ Score အလယ်အလတ်ပဲရှိတဲ့ အားနည်းချက်တွေကမှ လက်တွေ့မှာ Ransomware သမားတွေ အသုံးအများဆုံး လမ်းကြောင်း ဖြစ်နေတတ်လို့ပါ။

၂။ Multi-Source Data နဲ့ Threat Intelligence ရဲ့ အခန်းကဏ္ဍ

ဒါကြောင့် Smart ဖြစ်တဲ့ ဦးစားပေးသတ်မှတ်ခြင်း (Smarter Prioritization) လုပ်နိုင်ဖို့ Threat Intelligence ကို သုံးရပါမယ်။

  • Global Context: Dark Web၊ Hacker Forum တွေနဲ့ ကမ္ဘာတစ်ဝန်းက Real-time တိုက်ခိုက်မှု Data တွေကို စောင့်ကြည့်ပြီး "ဒီအားနည်းချက်ကို Hacker တွေ အပြင်လောကမှာ တကယ် သုံးနေပြီလား (Weaponized ဖြစ်နေပြီလား)" ဆိုတာကို သိဖို့ လိုပါတယ်။
  • Local Context: ကိုယ့်ရဲ့ Network Environment ထဲမှာ ဒီအားနည်းချက်ရှိနေတဲ့ Asset (စက်/ဆာဗာ) က ဘယ်လောက် အရေးကြီးလဲ? Hacker တွေ အလွယ်တကူ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေသလား? ဆိုတာကို တွဲဖက် တွက်ချက်ရမှာ ဖြစ်ပါတယ်။

၃။ 'Identity' နဲ့ 'AI-driven Integration' ကို ချိတ်ဆက်စဉ်းစားခြင်း

  • အခုခေတ်မှာ Identity က Perimeter ဖြစ်လာတဲ့အတွက် Hacker/Attackers တွေက အားနည်းချက်တွေကို သုံးပြီး User Account တွေ၊ ခွင့်ပြုချက် (Privileges) တွေကို ခိုးယူဖို့ အဓိက ကြိုးစားကြပါတယ်။
  • ဒါတွေကို လူကိုယ်တိုင် လိုက်မစစ်နိုင်တဲ့အတွက် AI-powered Unified Security Platform တစ်ခုကနေတစ်ဆင့် Security Tools မျိုးစုံကလာတဲ့ Data တွေကို စုစည်း ပြီး၊ ဘယ် Vulnerability က ကိုယ့်လုပ်ငန်းအတွက် အန္တရာယ်အရှိဆုံးလဲဆိုတာကို AI စနစ်နဲ့ အလိုအလျောက် ဦးစားပေး အဆင့်သတ်မှတ် (Prioritize) ပေးရမှာ ဖြစ်ပါတယ်။





Takeaway,

Vulnerability တိုင်းကို လိုက်ပြီး Patch လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ Risk အနည်းဆုံးနဲ့ အထိရောက်ဆုံး ဖြစ်မယ့် "Risk-Based Prioritization" ကို သုံးရပါမယ်။ Threat Intelligence ရဲ့ အကူအညီနဲ့ လက်ရှိ အပြင်မှာ တကယ် အတိုက်ခိုက်ခံနေရတဲ့ လမ်းကြောင်းတွေ၊ အထူးသဖြင့် Identity ကို ခြိမ်းခြောက်နေတဲ့ အားနည်းချက်တွေကို AI စနစ်သုံးပြီး အရင်ဆုံး ရှာဖွေ ကာကွယ်ခြင်းကသာ လုပ်ငန်းခွင်ရဲ့ Cyber Resilience (ကြံ့ကြံ့ခံနိုင်ရည်) ကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။





Comments

Popular posts from this blog

HCP Solution Part II

Storage Overview

Data Deduplication